Jan 05

0
ရန်ကုန်ရှိ သင်တန်းမျိုးစုံတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားလူငယ်တစ်ချို့သည် အမှန်တကယ်ကျွမ်းကျင်မှုဆိုသည် ထက် အသိအမှတ်ပြု လက်မှတ်များကိုသာ အာရုံစိုက်လျက်ရှိနေသည်။

ထိုသူတို့သည် သူတို့တက်နေသော သင်တန်းများကို အမြဲလိုလို ကြွားဝါပြောဆိုလေ့ရှိပြီး ဘယ်သင်တန်းတွင်မှ ထူးချွန်တက်မြောက် အောင်လုပ်လေ့မရှိ၊ အချိန်တန်လျှင် အောင်လက်မှတ်ရရုံသာ စူးစိုက်လေ့ရှိသည်။

“သူ့ဘာသာသူ သင်တန်းဘယ်နှစ်မျိုးတက်တတ်ပါ။ ဒီမှာက အဖွဲ့နဲ့ပရောဂျက်တွေလုပ်ရတော့ အားလုံးစည်းလုံးနဲ့ လုပ်ဆောင်ဖို့လိုတယ်။ ဒီလို အကြောင်းတွေပြပြီး ရေသာခိုနေတာတွေကိုတော့ စိတ်ပျက်မိတယ်။ ခင်မင်မှုနဲ့ ရေရှည်အတွက် အလျော့ပေးဆက်ဆံနေရပေမယ့် ကြာလာ ရင်တော့ စည်းကမ်းပိုတင်းကျပ်ရလိမ့်မယ်”ဟု ဘွဲ့လွန်ကွန်ပျူတာသင်တန်းတက်နေသူ မဆွေဆွေမွန်က ပြောသည်။

“ဒီမှာက နိုင်ငံခြားလို မဟုတ်ဘူး။ ကျောင်းသားက သင်တန်းလာမတတ်လည်း အချိန်တန်ရင် လက်မှတ်ထုတ်ပေးနေတော့ ကျောင်း သားတွေလည်း ပိုပေါ့တာပေါ့။ ဒီစနစ်ကို မကြိုက်ဘူး။ ပိုက်ဆံယူထားပေမယ့်လည်း ပျက်ချိန်များရင်တော့ အောင်လက်မှတ်ထုတ်မပေးသင့်ဘူး။ သင်တန်းတွေက ထုတ်ပေးတဲ့ အောင်လက်မှတ်တွေမှာ ကျောင်းသားရဲ့ ကျောင်းတက်ချိန်၊ စာမေးပွဲရလာဒ်နဲ့ ကျောင်းသားရဲ့အဆင့်ကို သတ် မှတ်ပြီး ထုတ်ပေးနိုင်မယ်ဆိုရင် ရေရှည်မှာ သင်တန်းကျောင်းရော၊ သင်ကြားသူတွေပါ ပိုမိုတန်ဖိုးထားစိတ်ဝင်စားစရာ အောင်မြင်လာမှာ”ဟု သင်တန်းခရေဇီ မမေသက်ထားက ပြောသည်။

Jan 05

0
“စောက်သုံးတစ်စက်မှ မကျတဲ့ သင်တန်းတစ်ခုပါ။ ပြပွဲတစ်ခုမှာ ၅၀ရာခိုင်နှုန်း လျှော့ပေးလို့ သွားတက်မိတာ။ သင်တန်းတစ်ခုလုံးမှာ သင်တန်းသားဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ သင်တာကလည်း ကုလားလူမျိုးထင်တယ်။ ဒီ စီပီယူက ဒီမှာတက်။ ပါဝါဆပ်ပလိုင်းက ဒီမှာတပ်ဆိုပြီး ပစ္စည်းလေးတွေ ဖြုတ်တပ်လုပ်၊ ဒါလေးပဲ သင်ပေးတာ။ ပစ္စည်းကလည်း အစုံအလင်လည်း ရှိတာမဟုတ်ဘူး။ PC Problems တွေဆိုရင် ဘယ်လိုလုပ် ဖြေရှင်းတတ်တော့မှာလဲ။ အသိတစ်ယောက်တည်း အဲဒီလိုပဲ ဖြစ်ဖူးတယ်”ဟု လှည်းတန်းရှိ ပညာမျိုးစုံသင်ပေးသော သင်တန်းကျောင်းတစ်ခုတွင် ကွန်ပျူတာသင်တန်းတက်ရောက်ခဲ့သော ကျောင်းသားတစ်ဦးက ပြောသည်။

ယင်းသင်တန်းတွင် တက်၍ အမှတ်သည်းခြေမရှိသော ယင်းလူငယ်သည် မြန်မာနိုင်ငံရှိ နာမည်ကြီးကွန်ပျူတာသင်တန်းကျောင်းတစ်ခု တွင် discount ရ၍ တက်မိသောအခါတွင်လည်း ယင်းကဲ့သို့ပင် အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရသည်။

“ဆရာကလည်းဗျာ။ ကျွန်တော့်လောက်တောင် မသိဘူး။ ကွန်ပျူတာပြင်တဲ့အတွေ့အကြုံမရှိလို့သာ သင်လိုက်မိတာ။ သင်ရိုးတွေက လည်း စုတ်ပြတ်သတ်နေတာပဲ။ ဆရာကလည်း ၀ါသနာထက် ၀မ်းစာအတွက် အောင့်အီးပြီး သင်နေပုံရတယ်။ ကောင်းတဲ့တန်းခွဲတွေ များများ စားစားရှိပေမယ့် တစ်ကယ်တတ်တဲ့၊ စေတနာ၊ ၀ါသနာရှိတဲ့ ဆရာမျိုးပဲ သင်ကြားစေချင်တယ်။ ဆရာကသာ ဆရာပီသမယ်ဆိုရင် အဲဒီသင်တန်းကျောင်းရဲ့ သင်ရိုးမကောင်းခဲ့ဘူးဆိုရင်တောင် တပည့်အတွက် ပိုတတ်အောင် အနစ်နာခံပြီး သင်ကြားပေးမယ်လို့ မျှော်လင့်ပါတယ်။ ခုတော့ သင်တန်းရဲ့လိုအပ်ချက်တစ်ခုတည်းနဲ့ ထင်ရာမြင်ရာ ဆရာအဖြစ် သင်ကြားခွင့်ပြုတာတော့ လက်မခံနိုင်ဘူး”ဟု ယင်းလူငယ်က ဆက် လက်ပြောသည်။

“ဘာပဲဖြစ်ဖြစ်.. ပညာရေးစနစ်က မကောင်းဘူးဆိုရင်တောင် အပြင်မှာဖွင့်တဲ့ ကျူရှင်တွေ၊ သင်တန်းကျောင်းတွေမှာတော့ အခကြေးငွေ ယူပြီး ပစ်စလတ်ခတ်သင်ကြားပေးတဲ့ အဖြစ်တွေဟာ ဆိုးရွားလှပါတယ်”ဟု ပညာရေးကို စိတ်ဝင်စားသူ ကျောင်းသား တစ်ဦးက ပြောသည်။

Jan 05

0
သုံးခွမြို့နယ်တွင် အိပ်နေသူ အမျိုးသားတစ်ဦးကို တစ်ရွာ တည်းနေသူတစ်ဦးက အငြိုးဖြင့် ဓားဖြင့် ထိုးကာ ထွက်ပြေးသည့်အမှုတစ်ခု ဒီဇင် ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သုံးခွမြို့နယ် သိုက်တူးကန်ရွာနေ ကိုတင် ထွန်း(၄၆)နှစ်သည် ရွာတောင်ပိုင်းမှနေအိမ် သို့ ပြန်လာစဉ် အသိမိတ်ဆွေတစ်ဦး၏အိမ် ရှေ့သို့အရောက်တွင် ၎င်းင်းအိမ်ရှေ့ကွပ်ပျစ် ၌ အိပ်နေသော ယောက္ခမဖြစ်သူ ဦးကြွက် နီကို တစ်ရွာတည်းနေသော မောင်ဇော်က ဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း တွေ့ရှိ ခဲ့ရသည်။

ဦးကြွက်နီမှာ ရင်ဘတ်၌ ဓားထိုး သွင်းဒဏ်ရာတစ်ချက်၊ ၀မ်းဗိုက်၌ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိပြီး သုံးခွဆေးရုံသို့ ပို့ခဲ့ ရသည်။ သုံးခွရဲစခန်းမှတာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာ ဦးကြွက်နီနှင့် မောင်ဇော် တို့နှစ်ဦးသည် မကြာသေးမီကာလက ရန် ဖြစ်ခဲ့ကြဖူးကြောင်း၊ မောင်ဇော်က ဦးကြွက် နီကို အငြိုးထား၍ ဓားဖြင့်ထိုးခြင်းဖြစ် ကြောင်း သိရှိခဲ့ရသည်။ ဦးကြွက်နီမှာ သုံး ခွဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသမှုခံယူရာမှ ဒီဇင်ဘာ ၁၇ရက်တွင် သေဆုံးသွားခဲ့သည်။

အဆိုပါအမှုကို သုံးခွရဲစခန်းမှ (ပ) ၃၁၉^၀၉ ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ လွှဲပြောင်း၍ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

Jan 05

0
တက္ကသိုလ်တက် ရောက်ရန် ငွေကြေးအခက်အခဲရှိသူများကို နှစ်စဉ်ကျောင်းစရိတ်ထောက်ပံ့ပေးပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာမေးပွဲနှစ်စဉ်အောင်မြင်မှသာ ထောက်ပံ့ ကြေးဆက်လက်ရရှိသွားမည်ဖြစ်ကြောင်း ထွန်းဖောင်ဒေးရှင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ်တက္ကသိုလ်ပညာသင် နှစ်အတွက် တက္ကသိုလ်ခုနစ်ခုမှ ကျောင်း သူ၊ ကျောင်းသား ၄၈ဦးအတွက် တစ်နှစ် စာ ထောက်ပံ့ကြေးပေးအပ်ပြီးဖြစ်ကြောင်း ယင်းက ပြောသည်။ ရရှိသော တက္ကသိုလ် နှင့် ကျောင်းသား၊ ကျောင်းသူများမှာ ဆေး တက္ကသိုလ်အား တစ်ဦးကို တစ်လလျှင် ကျပ် ၅၀၀၀၀၊ နည်းပညာတက္ကသိုလ်အား ၄၀၀၀၀၊ စီးပွားရေးတက္ကသိုလ်အား ကျပ် ၄၀၀၀၀၊ ပညာရေးတက္ကသိုလ်အား ကျပ် ၄၀၀၀၀ နေပြည်တော် ပျဉ်းမနားရှိ ရေဆင်း စိုက်ပျိုးရေးဝိဇ္ဇာအား ကျပ် ၃၀၀၀၀၊ သိပ္ပံ ကျပ် ၃၀၀၀၀နှင့် မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်အား ကျပ် ၃၀၀၀၀ကို နှစ်စဉ် ထောက်ပံ့ပေးသည်ဟု သိရသည်။

“ကျွန်တော်တို့ ပညာတော်ပြီး တက္ကသိုလ်သင်ဖို့ ငွေကြေးအခက်အခဲဖြစ် နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ထောက်ပံ့ပေးတာ လေးနှစ်ရှိပါပြီ။ ထောက်ပံ့ကြရတဲ့ သူဟာ အတန်းတင် စာမေးပွဲ ဥပမာ-ပထမနှစ်မှာကျရင် နောက် နှစ်ဆို ဆက်ရတော့မှာမဟုတ်ဘူး။ ဗွှု ပြီးလို့ á‚€.န ၀င်တဲ့သူမျိုးဆက်ပြီး ထောက်ပံ့ ပေးတယ်။ နယ်ရော ရန်ကုန်ပါ ပေးပါ တယ်။ တစ်ကြိမ်တည်း အများကြီးလှူတာ ထက် ထာဝရဖြစ်မယ့် ဒါနမို့ အခုလိုပေး ဖြစ်တာပါ။ တစ်နှစ်ဆို သိန်း ၈၀၀ကျော် လောက်ရှိပါတယ်”ဟု ဆိုသည်။

ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၃ ကျောင်းနှင့် ကျောင်းသားပေါင်း ၂၅၀၀ ကျော်အတွက် ၀တ်စုံနှင့်ဆရာ ဆရာမများ ၏လစာများကို ထောက်ပံ့ပေးပြီး ယင်း ကျောင်းများမှာ သာကေတဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ မှန်ကင်းပရိယတ္တိ စာသင်ကျောင်းနှင့် ဒညောင်စလင်းမြို့ ဆင်ဖြူကျွန်းရှိ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများဖြစ်သည်ဟု သိရပြီး သာ ကေတမှန်ကင်း မိဘမဲ့ကလေးဘုန်းတော် ကြီးကျောင်း၌ မူလတန်းမှစ၍ အင်္ဂလိပ် အခြေခံကောင်းစေရန် ယခုနှစ်မှစ၍ စတင်လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။

Jan 05

0
မြောက်ဥက္ကလာပ မြို့နယ်တွင် ဒီဇင်ဘာ ၁၆ရက်က လေဖြတ် နေသူ အသက်(၄၃)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် အမှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယင်းနေ့ မွန်းတည့် ၁၂နာရီခန့်က မြောက်ဥက္ကလာပ တံတား ကြီးရပ်ကွက်နေသူ အမျိုးသမီးငယ်တစ်ဦး သည် အတူနေသော အသက်(၄၃)နှစ် အရွယ်ရှိ လေဖြတ်နေသူမိခင်အား ပြုစု စောင့်ရှောက်နေရာမှ အဒေါ်ဖြစ်သူ၏နေ အိမ်သို့သွားရောက်ရာ နေအိမ်ရောက်ရှိနေ ခိုက်တွင် မောင်အငယ်ဆုံးဖြစ်သူရောက်ရှိ လာပြီး ခေါ်သဖြင့် ပြန်လိုက်သွားရာ နေ အိမ်တွင် မြောက်ဥက္ကလာပမြို့နယ် ပုရွက် ဆိတ်ကုန်းရပ်ကွက် သံလမ်းနေ အသက် (၁၉)နှစ်အရွယ် ကျပန်းလုပ်သားမျိုးထွန်း က လေဖြတ်နေသူမိခင်အား အိပ်ခန်းထဲ သို့ပွေ့ချီပြီး အဓမ္မပြုကျင့်ရန်ကြံစည်နေ သည်ကို တွေ့ရ၍ တိုင်တန်းခဲ့သောအမှု ဖြစ်သည်။

အဆိုပါအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ)၁၂၅၀^၀၉ ပြစ်မှုပုဒ်မ ၃၇၆^ ၅၀၀ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။